ကျောက်ဆည်နယ်တွင် မိုးစပါးဧက (၅၂၈၁၆)ဧက စိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည်  ဩဂုတ်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်တွင် မိုးစပါးဧက (၅၂၈၁၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အချိန်တွင် ပျိုးထောင်စိုက်ပျိုးပြီး ဧကပေါင်း (၄၀၉၀၇) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ယခုနှစ် မိုးစပါးစိုက်ဧကများကို မင်းရဲရှေ့တန်းစိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် (၅၉၃၀) ဧက၊ သင်းတွဲ ရှေ့တန်းစိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် (၁၀၁၃၀) ဧက၊ သင်းဒီးရှေ့တန်းစိုက်ပျိုးရေးစင်တာတွင် (၉၈၇၃) ဧက၊ ထုံးကြီးရှေ့တန်းစိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် (၉၂၄၅) ဧက၊ စမာရှေ့တန်းစိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် (၈၀၃၂) ဧကနှင့် တမုတ်ရှေ့တန်းစိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် (၉၆၀၆) ဧက၊ စုစုပေါင်းဧက (၅၂၈၁၆) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

စပါးများစိုက်ပျိုးရာတွင် အချိန်မီစိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဇွန်လ (၁၅) ရက်နေ့မှစတင်ပြီး ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်နှင့် ဇီးတောဆည်များမှ ခွဲထွက်လာသည့် ငပြောင်၊ နွားတက်၊ မင်းရဲ၊ တမုတ်၊ ဇီးတော စသည့်မြောင်းမကြီးများ၊ လက်ခွဲမြောင်းများဖြင့် စိုက်ပျိုးရေများပေးဝေလျှက်ရှိကြောင်းသိရှိရပြီး အဆိုပါစိုက်ပျိုးရေးများ လေလွင့်ဆုံးရှုံးမှုနည်းစေရန်နှင့် စနစ်တကျသုံးစွဲနိုင်ရေး ဒေသခံတောင်သူများဖြင့် ဖွဲ့စည်းထား သည့်ရေအသုံးချသူများအဖွဲ့များနှင့်ပူးပေါင်းကာ မိုးစပါးများအောင်မြင်သည်အထိ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ် ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)