အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် အတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် လွိုင်လင်မြို့၌ မဲဆန္ဒရှင်စာရင်းများအား အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်း များကို ဩဂုတ်လ ၂၄ ရက်နေ့ က ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်နေကြာင်းသိရသည်။
Aug 24,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရေူအတွက်  အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ မြို့ဝင်/ထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မရှိစေရန်အတွက် ဩဂုတ်လ(၂၃)ရက်နေ့မှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြန်လှည်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 24,2020
သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ကာလအတွင်း စီးပွားရေးအပေါ်ထိခိုက်မှုသက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း များ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (CERP) COVID-၁၉ Economic Relief Plan အရဖွင့်လှစ်သော ကြက်မွေးမြူထုတ်လုပ်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက ရွှေကျောင်းရပ်ကွက် ဓမ္မာရုံတွင် ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း မိုးစပါး ရေကြီးနစ်မြုပ်မှုကြောင့်စိုက် ဧကများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
Aug 24,2020
အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိ သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိစေရန် မဲဆန္ဒရှင်စာရင်း စိစစ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre ) ခန်းမ၌ကျင်းပသည်။
Aug 24,2020
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ