လွိုင်လင်မြို့၌မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေး

လွိုင်လင်          ဩဂုတ်   ၂၄

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် အတွက်  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် လွိုင်လင်မြို့၌  မဲဆန္ဒရှင်စာရင်းများအား အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်း များကို ဩဂုတ်လ ၂၄ ရက်နေ့ က ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်နေကြာင်းသိရသည်။

လွိုင်လင်မြို့၌  မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

မိုးလွင်ဦး(လွိုင်လင်)