အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်(CERP)ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းဖြစ်သည့် ကမေထုန်မဲ့သားစပ်သင်တန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က မိုးတေကျေးရွာတွင်ဖွင့်လှစ်ခဲ့သည်။
Aug 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများရွာသွန်းပါက ရပ်ကွက်များတွင် ရေကြီးရေလျှံ မဖြစ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ မြို့တွင်း ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များ ဆယ်ယူခြင်း၊ နုန်းများ ဆယ်ယူခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကိုဗစ်-၁၉ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် PPE ဝတ်စုံပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီခွဲက မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်CERP(Covid-19 Economic Relief Plan) အရ စပါးမျိုးစေ့ထုတ်လုပ်ငန်းတောင်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 24,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေကြီး နစ်မြုပ်ခဲ့သည့် ရေဘေးသင့် အိမ်ထောင်စုဝင်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ဆက်လက် စီမံဆောင်ရွက်ရမည့် အခြေအနေများအတွက် ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ဝင်များနှင့် ရေဘေးသင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 24,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ် မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ ပင်စင်စား ဝန်ထမ်းများအတွက် ပင်စင်လစာ များ ကိုသြဂုတ်၂၁ရက်မှစ၍ ထုတ်​ပေးလျက်ရှိ​ကြောင်း သိရှိရသည်။
Aug 24,2020
ကျိုက်မ​ရောမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်သို့​​နေ့စဉ် စာငှား စာဖတ်လာ​ရောက်သူများနှင့် မြို့နယ်ရုံးရှိ ဝန်ထမ်းများအသုံးပြု နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်​ရေး အ​ထောက်အကူပြုပစ္စည်း ဖြစ်သည့် နှာ​ခေါင်းစည်း(mask) များကို ယ​နေ့နံနက် ၁၀နာရီက ပြည်သူ့စာကြည့်တိုက်သို့ လာ​ရောက်လှူဒါန်းခဲ့သည်။