ကျောက်တံခါး ဩဂုတ် ၂၄
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရေူအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့သည် ပြည်သူများ နေအိမ် အပြင် ထွက်လျှင် (mask)များ မဖြစ်မနေ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေူအဖွဲ့နှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကျောက်တံခါး မြို့မစျေးနှင့် ဗိုလ်ချုပ်လမ်းမ၊ တပင်ရွှေထီးလမ်း တို့တွင် လမ်းသွားလမ်းလာပြည်သူများ (mask)တပ်ဆင် ခြင်း ရှိ/မရှိစစ်ဆေးပြီး (mask)တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား(mask)အခမဲ့တပ်ဆင်ပေးပြီး ပြည်သူများ အနေဖြင့် အပြင် ထွက်တိုင်း မဖြစ်နေ(mask)တပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ထုတ်ပြန် ကြေညာချက် များနှင့်အညီ သွားလာကြရန် အသိပညာပေး ပြောကြားခြင်း၊ လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)