ရွှေကျင် ဩဂုတ် ၂၄
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါး စိုက်ပျိုး ထုတ်လုပ်သူတောင်သူများ၏ မျိုးစေ့ထုတ် စိုက်ခင်း များသို့ ယနေ့ နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။
ရွှေကျင်မြို့နယ်အတွင်းရှိ အင်းဗလာကျေးရွာနှင့် အင်္ဂနီကျေးရွာများမှ မိုးစပါးစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၏ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုများတွင် ကိုဗစ်(၁၉)စီးပွားရေးကုစားမှု အစီအစဉ် (CERP)၏ ထောက်ပံ့မှုအရ မျိုးစေ့ ထုတ် စိုက်ခင်းများ စနစ်တကျ စိုက်ပျိုးထုတ်လုပ်ထားရှိမှု ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းမှုနှင့် ပေါင်းမြက် ကာကွယ် နှိမ်နှင်းမှုများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့် ထွေး ဦးဆောင်၍ စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ခဲ့ကြပြီး နည်းပညာ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)