ကသာ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ မြို့ဝင်/ထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မရှိစေရန်အတွက် ဩဂုတ်လ(၂၃) ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြန်လှည်ဖွင့်လှစ်ခဲ့ပြီး ခရီးသွား ပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးဂိတ်တွင် မြို့တွင်းသို့ ဝင်ရောက်လာသော ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းကောက်ယူခြင်းနှင့် ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် လူစုလူဝေးရှောင်ရှားရန်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်၊ မိမိတို့၏လက်များကို မကြာခဏဆေးကြောရန် စသည့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာန ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ရဲအောင်(ပြန်/ဆက်)