Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာ (၄)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ ဆားအိုးချောင်း ကျေးရွာနှင့် အထက်သံဒင်းကျေးရွာတို့တွင် ကိုဗစ်-၁၉ Positive လူနာ (၄)ဦး ယမန်နေ့ ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 05,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးက ဦးစီး၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ် ကာကွယ်ရေး အတွက် ဒေသခံပြည်သူများ၊မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာမိုးရာသီ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈နာရီက ကျိုက်မရောမြို့နယ် မော်လမြိုင် ထင်းကြိုးဝိုင်းအကွက် အမှတ်(၈) အတွင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လျှပ်စစ်ဓာတ်အားကို စျေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေး
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အား သုံးစွဲပြည်သူများ လျှပ်စစ်ဓာတ်အားကို စျေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေး အတွက် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 05,2021
၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၁)ဖွင့်လှစ်
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ် (၉) စက်မှုလယ်ယာ စခန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီတွင် အချိန်ခန့်က ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ဒုတိယအကြိမ်ထိုးနှံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆေ…
Jul 05,2021
မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ရန်ကုန်မြောက် ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလ(၃)ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ(၅)ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း(၁၄၅၉)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၇၂) ကတ်တို့ကို ပြုလုပ်ဆောင် ရွက်ပေးအပ်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှူးရုံး မှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26271
Page
26272
Page
26273
Page
26274
Current page
26275
Page
26276
Page
26277
Page
26278
Page
26279
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department