အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDTTestKit ဖြင့် စစ်ဆေးပေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၆)ဦး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-ပုပ္ပားသွားကားလမ်းရှိ ဆည်ပေါက်ချောင်းတွင်၊ ဇူလိုင်(၆)ရက်နေ့ ည(၇;၃၀)နာရီက ချောင်းရေကျနေစဉ် ဖြတ်သန်းမောင်းနှင်သည့် Probox ယာဉ်(၁)စီး ချောင်း ရေနှင့်အတူမျောပါမှုဖြစ်ပွားခဲ့ပြီး၊ ပြန်လည်ဆယ်ယူရရှိချိန်တွင် ယာဉ်မောင်းသူမှာ ကားအတွင်းသေဆုံးလျှက် တွေ့ရှိရကြောင်း သိရသည်။
Jul 07,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်ခဲ့သည့် (၁၃)ဦးအား ယနေ့နံနက်ပိုင်းက Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၉)ဦး ထပ်မံတွေ့ရှိရပြီး ၎င်းတို့နှင့် ထိတွေ့သူများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့်အညီ အသွားအလာ ကန့်သတ် ထားရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
Jul 07,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သံသယလူနာများအား ပြည်သူ့ဆေးရုံ၌ ဇူလိုင် ၆ ရက်နေ့တွင် (၂၃) ဦး စစ်ဆေးရာ(၈)ဦး တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံတံတား စစ်ဆေးရေးဂိတ်နှင့် ချောင်းတွင်း လမ်းမကြီး မြို့အဝင်စစ်ဆေးရေးဂိတ်(၂)ခု ဖွင့်လှစ်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများအား၊ အပူချိန်တိုင်းတာခြင်း ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရ ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် မေလဆန်းမှ စတင်၍ ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ၁၄၀၀ကျော်နှင့် အိမ်ထောင်စု လူဦးရေးစာရင်း (၂၆၀)ကျော်တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များသို့ သောက်သုံး ရေဖြန့်ဝေပေးနိုင်ရေး အဆိုပြုတင်ပြချက်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။