ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး (၈)ဦးထပ်မံတွေ့ရှိ

 
ငါန်းဇွန်၊ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အမှတ်(၁)ရပ်ကွက်နေ အမျိုးသမီး (၁၉)နှစ်တစ်ဦးသည် ကျောက်ဆည်မြို့သို့ (၂)ရက်ခန့်သွားရောက်ဖျားနာခဲ့ပြီး အပြန် အနံ့ပျောက်သဖြင့် ၎င်း၏မိခင်(၆၇)နှစ် နှင့်အတူ အမျိုးသမီးနှစ်ဦးနှင့် ငါန်းမြာကျေးရွာနေ ယာဉ်မောင်းအမျိုးသားတစ်ဦး(၃၇)နှစ်သည် မူဆယ်မြို့မှအပြန် အနံ့ပျောက်သဖြင့် အဆိုပါ(၃)ဦးအား ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံ၌ (RDT)ဖြင့် စစ်ဆေးရာ ၎င်းတို့(၃)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်းသိရသည်။
ထို့နောက် ဇူလိုင် ၅ ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာနှင့် ထိစပ်သူ Stric Home Quarantine ထားရှိသောသူများအား ယမန်နေ့က (RDT)ဖြင့် စစ်ဆေးရာ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး တစ်ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၃)ဦးအား ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ (၅၂)ဦး အား Strict Home Quarantine ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ဇူလိုင် ၆ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း(၁၇)ဦးရှိပြီး ပိုးတွေ့လူနာ(၁)ဦး မှာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း (၁၆)ဦးမှာ ငါန်းဇွန်မြို့နယ် ပြည်သူ့ ဆေးရုံ သံဃာဆောင်တွင်လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း သိရသည်။