ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၆)ဦး ထပ်မံတွေ့ရှိ

ဝမ်းတွင်း ဇူလှိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံးတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDTTestKit ဖြင့် စစ်ဆေးပေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၆)ဦး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရာဂါ ပိုးရှိသူများအ‌နေဖြင့် လေးမျက်နာကျေးရွာမှ အသက် (၃၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၊ ဝမ်းတွင်း(၃)ရပ်ကွက်မှ အသက် (၅၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၅၆)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက်(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ လေးမျက်နာကျေးရွာမှ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဆူးပန်းကျေးရွာမှ အသက်(၁၉)နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံ၌ RDTTestKit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့လူနာများအား မြို့နယ် ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့သူများအား စုံစမ်းဖော်ထုတ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး ကူစပ်ခံသူ(၄၆)ဦးရှိခဲ့ရာ (၄)ဦးမှာ သက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိခဲပြီး လက်ရှိအချိန်တွင် မြို့နယ် ပြည်သူ့ဆေးရုံးကြီး ကိုဗစ်-၁၉ ကုသဆောင်တွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသူ(၄၂)ဦးရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)