တီးတိန် ဇူလိုင် ၇
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သံသယလူနာများအား ပြည်သူ့ဆေးရုံ၌ ဇူလိုင် ၆ ရက်နေ့တွင် (၂၃) ဦး စစ်ဆေးရာ(၈)ဦး တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
အဆိုပါပိုးတွေ့လူနာများသ ည်အမျိုးသား(၅)ဦးအမျိုးသမီး(၃)ဦးဖြစ်ပြီး တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံ ယူသူကိုဗစ်-၁၉ရောဂါပိုး တွေ့လူနာ(၁)ဦးသည်ကျန်းမာရေးကောင်းမွန်၍ ဇူလိုင်၆ရက်နေ့၌ဆေးရုံမှဆင်း ခွင့်ရရှိကြောင်း တီးတိန်မြို့ပြည်သူ့ဆေးရုံ တာဝန်ရှိသူများ ထံမှသိရသည်။