တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၉)ဦးထပ်မံတွေ့ရှိ

တံတားဦး ဇူလိုင်

ကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်ခဲ့သည့် (၁၃)ဦးအား ယနေ့နံနက်ပိုင်းက Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ()ဦး ထပ်မံတွေ့ရှိရပြီး ၎င်းတို့နှင့် ထိတွေ့သူများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့်အညီ အသွားအလာ ကန့်သတ် ထားရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းကမ်းချက်များနှင့်အညီ အသွားအလာ ကန့်သတ် ထားရှိသည့်နေရာတွင် (၁၀)ရက်နေထိုင်ရမည်ဖြစ်ပြီး စတင်ထားရှိသည့် ()ရက်မြောက်နေ့တွင် တစ်ကြိမ်၊ ()ရက်မြောက်နေ့တွင် တစ်ကြိမ် စုစုပေါင်း()ကြိမ်အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခံရမည် ဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ်အတွင်း ဇူလိုင်လ()ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အတည်ပြု လူနာ(၃၅)ဦးရှိရာ  မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ သံဃာ့ဆေးကုသဆောင်၌ သီခြားထားရှိပြီး ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူ(၄၂)ဦးရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ရဲတင့်(တံတားဦး)