Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဗဟန်းမြို့နယ်ရှိ ဗဟန်းစျေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက်၊ ရောဂါကာကွယ်ရေး အထောက်အကူပြုစေသည့် ပါးစပ်၊ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရေတာရှည်လမ်း၊ ဗဟန်းစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာနှင့်ဒိုင်းပြကျေးရွာတွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေး ပက်ဖျန်း
Jul 07,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာနှင့်ဒိုင်းပြကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကလိုရင်းဆေးရည် (ပိုးသတ်ဆေး) များ ပက်ဖျန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာ
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ အသံချဲ့စက်များဖြင့် ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့တွင်း၌ လှည့်လည် ဟောပြောအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲ ကျင်းပ
Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့ပြပြောက်ကျားလက်စွဲ အကျဉ်းချုပ် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ သံသယလူနာနှင့် ပိုးတွေ့လူနာများထားရှိမည့် Quarantine Centre များပြင်ဆင် ဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယလူနာနှင့် ပိုးတွေ့လူနာများထားရှိရန် Quarantine Centre များကြိုတင်ပြင်ဆင်ခြင်းကို ယနေ့နံနက်(၈)နာရီက တာဝန်ရှိသူများစုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့မစျေးကြီးအတွင်းနှင့် မြို့ပေါ် ရပ်ကွက်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် ကျေးလက်ဈေးများတွင် နေ့စဉ်မရှိမဖြစ် စားသောက်ကုန်ပစ္စည်းဈေးဆိုင်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်ဈေးဆိုင်များအား…
Jul 07,2021
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရ တတိယလှိုင်း အသွင်စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီး ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်း ပိုမို ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် ကျေးလက်ဈေးများတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်ကုန်ပစ္စည်းဈေးဆိုင်များအား ဇူလိုင် ၈ ရက်နေ့မှစတင်၍ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့၌ အစားအသောက်ပြုလုပ်ရောင်းချသည့်ဆိုင်များအားလုံး (Take-away) ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်ကြေညာချက်ထုတ်ပြန်
Jul 07,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု့ရောဂါ တတိယလှိုင်းအသွင် စတင် ဖြစ်ပွားနေပြီဟု သုံးသပ်ရပြီး မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှုရှိနေခြင်းကြောင့် ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် စီမံ အုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်စည်ပင်သာယာရေးဌာန နှင့်တာဝန်ရှိသူများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26241
Page
26242
Page
26243
Page
26244
Current page
26245
Page
26246
Page
26247
Page
26248
Page
26249
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department