နတ်တလင်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ် -၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ အကာအကွယ်Mask တပ် ဆင်သွားလာရေး MaskCampaign ကို ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့သည်။
အဆိုပါMaskCampaignတွင် နတ်တလင်းမြို့နယ် ကျန်းမာရေးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေမီထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် ရပ်ကွက် ၄ရပ်ကွက်အတွင်းရှိအုပ်ချုပ်ရေးမှူးတို့ကကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်နှင့် အညီမြို့မစျေးကြီးတွင် စျေးရောင်းချနေသောစျေးရောင်း၊ စျေးဝယ်ပြည်သူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ သွားလာကြရန်နှင့် ဗိုလ်ချုပ်လမ်းရှိ လူစည်ကားရာနေရာများတွင် လည်းနှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင် သွားလာရန် အသိပညာပေးပြီး နှာခေါင်းစည်း(Mask) များ ပေးခဲ့ကြောင်း သိရသည်။
ထားထားဦး