တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်

တန့်ယန်း  ဇူလိုင်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်း များ အဆင့်မြင့်ကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက် ပေးလျက်ရှိရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျန်စစ်သားလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုကို ဇူလိုင်လ ၈ ရက်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 အဆိုပါလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှု ဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လမ်းအရည်အသွေး စံသတ်မှတ် ချက်နှင့်အညီ အစဉ်အမြဲ ကောင်းမွန်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြရာ ကျန်စစ်သားလမ်းကို အရှည်(၈၀၀)ပေ၊ အကျယ် (၁၈)ပေဖြင့် ကတ္တရာထပ်ပိုးလွှာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန်ကျန်ရှိသော လမ်းများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဌာနမှ သိရသည်။           

မင်းလွင်ဦး(ပြန်/ဆက်)