သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စာဖတ်ဝိုင်းပြုလုပ်

သာစည် ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ယနေ့ နံနက် ၁၀ နာရီခွဲက နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် ပြန်/ဆက် ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့် ကောင်းများ မပြတ်ရှိစေရေးနှင့် စာပေရေးသားမှုများ တိုးတက်လာစေရန်တို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက်ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ပါ ရည်ရွယ်ချက်များ၊ နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များ၊ ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း၊ လုပ်ငန်း တာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ရှိခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊ ထူးချွန် ပြောင်မြောက်မှုနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း၊ အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုရှိခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်းနှင့် အထွေထွေ စသည်တို့ကို တစ်ဦးချင်း ဖတ်ကြားရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)