အမြို့မြို့အနယ်နယ်သတင်းများ

Jul 27,2021
 မွန်ပြည်နယ်    မော်လမြိုင်မြို့နယ်တွင်  မိုးများအဆက်မပြတ်ရွာသွန်းခဲ့၍   တောင်ကျရေ စီးဆင်းမှု များကြောင့်   မြို့ပေါ်ရပ်ကွက်အချို့၌   ယမန်နေ့   မွန်းလွဲပိုင်းက   နေအိမ်တွင်းရေဝင် ရောက်မှု များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 27,2021
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ို ယမန်နေ့နံနက် ၆ နာရီမှ စတင်ပြီး ညနေ ( ၃) နာရီအထိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်းသိရသည် ။
Jul 27,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌  ပင်စင်စားပြည်သူများသို့ ပင်စင်လစာများအား ယမန်နေ့ နံနက်(၇)နာရီက မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 27,2021
ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 27,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများတွေ့ရှိရ မှုများပြားလာပြီး ပိုးတွေ့နှုန်းမြင့်တက်လျက်ရှိသဖြင့် မြို့နယ်အတွင်းနေထိုင်ကြသည့် မိဘပြည်သူ များအား နေအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ(၂၅)ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။
Jul 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌသည် မကွေးမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ် များနှင့်ပတ်သက်၍  ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး များအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Jul 27,2021
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီက ပြည်မြို့နယ် လူမှုရေးအသင်းအဖွဲ့ များအတွက် ကိုဗစ်-၁၉ရောဂါဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူပြုအသုံးပြုနိုင်ရန် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။