အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်​ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ​သြဂုတ်လ ၁၁ ရက် မှ ၁၂ ရက်အထိ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 13,2020
ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆)လမှ (၉)နှစ် ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးလျက်ရှိရာ ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၉) နာရီ က ဝေါမြို့‌ရပ်ကွက်/ကျေးရွာနှင့်အုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးလက် ကျန်းမာရေး ဌာနများတွင် ဆေးတိုက်ကျွေးပြုလုပ်လျက်ရှိသည်။
Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ လျက်ရှိရာ အဆိုပါမဲစာရင်းများတွင် အချက်အလက်များ မှန်ကန် ပြည့်စုံမှု ရှိစေရေးအတွက် မဲဆန္ဒရှင်များက ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-က)၊ ပုံစံ(၄-ဂ)တို့ဖြင့် ပြင်ဆင် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် သောက်သုံး ရေရရှိရေးလုပ်ငန်း(၂)ခု၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း(၁၉)ခု၊ စုစုပေါင်းလုပ်ငန်း (၂၁)ခုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မြို့နယ်အဆင့် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်မှစတင်၍ ပထမအကြိမ်ထုတ်ပြန်ကြေငြာထားပေးရာ ယနေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၈၄၂၆ ဦးခန့်ရှိပြီး လာရောက်လျှောက်ထားသူ ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၃၂၅၁ ဦးရှိကြောင်း သိရသည်။
Aug 13,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အရ ရန်ပုံငွေများထုတ်ချေးပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆင်တဲကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Aug 13,2020
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဆယ်ပင်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများအပေါ် တုံ့ပြန် ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေး အတွက် Cash For Work စီမံကိန်းဖြင့် ကျေးရွာမြေသားရေလှောင်ကန်တိုးချဲ့ပြုပြင်တူးဖော်ခြင်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပေါက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရ သည်။