မကွေး ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါပိုး Third Wave အဖြစ် ကူးစက်မှုများ မြင့်မားလျက်ရှိပြီး ယမန်နေ့ ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာသစ်(၃၅၅)ဦး ထပ်မံတွေ့ရှိကာ၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာပေါင်း(၁၅၈၃)ဦး အထိရှိလာကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားနှုန်းက မြင့်မားနေသလို သေဆုံးမှုများ ကလည်း ရှိနေပါတယ်၊ ဒီကနေ့ တိုင်းဒေသကြီး အတွင်းမှာ ကိုစ်-၁၉ ပိုးတွေ့အတည်ပြု လူနာသစ် (၃၅၅)ဦး ထပ်မံတွေ့ရှိခဲ့တာပါ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည် ပြုလူနာနဲ့ ထိတွေ့မှု ရှိသူတွေ၊ စောင့်ကြည့်လူနာတွေကို (RDT) Test Kit နဲ့ စစ်ဆေး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ တွေ့ရှိခဲ့တဲ့ လူနာတွေက မကွေးက(၁၀၅)ဦး၊ ပခုက္ကူက(၄၁)ဦး၊ သရက်(၂၈)ဦး၊ ဂန့်ဂေါက(၂၅)ဦး၊ မင်းလှနဲ့ တောင်တွင်းကြီးက(၂၁)ဦးစီ၊ ဆင်ပေါင်ဝဲ(၂၀)ဦး၊ မင်းတုန်း(၁၉)ဦး၊ စလင်း(၃၁)ဦး၊ မြို့သစ်(၂၈)ဦး၊ မြိုင်နဲ့ ရေစကြိူက(၁၄)ဦးစီ၊ နတ်မောက်က(၁၃)ဦး၊ စေတုတ္တရာက(၁၂)ဦး၊ မြို့သစ်(၁၁) ဦး၊ ကံမ(၉)ဦး၊ ပေါက်နဲ့ ဆိပ်ဖြူက(၁)ဦးစီဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ Third Wave မှာ စတင်တွေရှိခဲ့တဲ့ (၂၁-၅-၂၀၂၁)ရက်နေ့မှ ဒီကနေ့အထိ ပိုးတွေ့ အတည်ပြု လူနာပေါင်းက (၁၉၃၈)ဦး ထိရှိလာပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိအခြေအနေမှာ ပိုးတွေအတည်ပြု လူနာပေါင်း (၁၉၃၈)ဦးရှိပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ (၁၆၅)ဦး၊ သေဆုံးသူက(၂၇)ဦးရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ အသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၁၇၄၆)ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။
မောင်ညီညာ(မကွေး)