မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေး (Stay at Home) ကာလ နေအိမ်ပြင်ပ ဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိစစ်ဆေးကြပ်မတ်

မော်လမြိုင်     ဇူလိုင်    ၁၁

မွန်ပြည်နယ်၊   မော်လမြိုင်မြို့နယ်တွင်   ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် မြို့နယ်   ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ယု ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့(၃)ဖွဲ့ဖြင့်  ယမန်နေ့  မွန်းလွဲ ၁ နာရီမှ  ၄ နာရီအထိ ဈေးကြိုရပ်ကွက်  မီးပွိုင့်လမ်းဆုံ၌ ပြည်သူများ (Stay at Home)ကာလ  နေအိမ်ပြင်ပဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၇ ရက် ရက်စွဲပါ  အမိန့်အမှတ်၊ ၂၇၈/၂၀၂၁ဖြင့်  မွန်ပြည်နယ်အတွင်းရှိ  မော်လမြိုင်မြို့နယ်အား နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ခံများက  အိမ်ထောင်စုတစ်စုလျှင်   တစ်ကတ်နှုန်းဖြင့် ပြင်ပဈေးဝယ် သွားလာခွင့် လက်မှတ်ထုတ်ပေးထားပြီးဖြစ်၍  အဆိုပါလက်မှတ်ဖြင့် သွားလာရမည်ဖြစ်ပြီး မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားရောက်ရန်လိုအပ်ပါက ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များအညီ လိုက်နာကြရေး အသိပညာပေး ဆောင်ရွက်ကြသည်။ 

အလားတူကျန်ရှိသည့်  ရပ်ကွက်/ကျေးရွာများတွင်လည်းကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ခြင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)