မော်လမြိုင် ဇူလိုင် ၁၁
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားသို့ ရပ်နီး၊ရပ်ဝေးမှ ရဟန်းရှင်လူ ပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုခွင့်ကို ဂေါပကအဖွဲ့မှ ဇူလိုင် ၅ ရက်မှစတင်ပြီး ယာယီရပ်ဆိုင်းထားကြောင်း သိရသည်၊၊
သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ များပြားလာမှုကြောင့် လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ယာယီရပ်ဆိုင်း ထားခြင်းဖြစ်ပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများထားရှိရန် ကျိုက်က္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရား ပရဝုဏ်အတွင်းရှိအဆောက်အအုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်၊၊
ကျိုက္ခမီရေလယ်ဆံတော်ရှင် မြတ်ဘုရားသို့ ရပ်နီး၊ ရပ်ဝေးဘုရားဖူးဧည့်သည်များ ပြန်လည်လာရောက်ဖူးမြော်ကြည်ညိုခွင့်ပြုမည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ရုံး အဖွဲ့မှူးဦးဖိုးငြိမ်းထံမှ သိရသည်၊၊
ခရိုင်(ပြန်/ဆက်)