ဟင်္သာတမြို့တွင် ကိုဗစ်-၁၉ လူနာထားရှိရန် Quarantine Centre နေရာများ တိုးချဲ့ ပြင်ဆင်ဆောင်ရွက်

ဟင်္သာတ ဇူလိုင်  ၁၁

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့တွင် ကိုဗစ်-၁၉  လူနာထားရှိရန် Quarantine Centre  များ တိုးချဲ့ ပြင်ဆင်ဆောင်ရွက်မှုများကို ယနေ့  နံနက် ၈ နာရီ က စတင်၍ ဟင်္သာတ တက္ကသိုလ်တွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာများကို ခရိုင်ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်းနှင့် မြို့တော်ခန်းမကြီး၊ သာသနာ့ဗိမာန်တို့တွင် ယာယီဆေးရုံများအဖြစ် ဖွင့်လှစ်ဆောင်ရွက်နေပြီး Quarantine Centre အဖြစ် ဘေးစီမံသန်တန်းကျောင်းတို့တွင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး  စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိ​ရာ ယခုအခါ ကူးစက်နူန်းမြင့်တက် မြန်ဆန်လျက်ရှိသော Covid -19 ရောဂါနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်ရေးအတွက် ထိစပ်သူများအား ထားရှိရန် လိုအပ်ပါက အသုံးပြုနိုင်ရန် ဟင်္သာတ တက္ကသိုလ်ရှိ  မိုးလုံလေလုံအားကစားရုံနှင့် ကံ့ကော်ဆောင် တို့တွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေ​ခြင်း ဖြစ်ကြောင်း  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

အဆိုပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်မူများကို   ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်ကော်မတီအဖွဲ့ဝင်များ၊ နယ်​မြေခံ တပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့ပေါ်နှင့်ရပ်ကျေးအဖွဲ့များ၊ ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများက လိုအပ်သည်များကို ပြင်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 ကိုဇော် (ပြန်/ဆက်)