ကော့ကရိတ် ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇွန် ၁၈ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၂၁၀)ရှိပြီဖြစ်ရာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အမှတ်(၁၀၂၂) နယ်ခြားစောင့်တပ် အမှတ်(၄)တပ်နယ်မှူးကြီး စောမုတ်သုန်နှင့် ဇနီး ဒေါ်ဖောဖောတို့အား အမှူးထား၍ တပည့်သားသမီးများမှ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ ညနေ ၁နာရီခွဲအချိန်က အမှတ် (၇)ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းရာတွင် အမှတ်(၁၀၂၂)နယ်ခြားစောင့်တပ်၊ အမှတ်(၄)တပ်နယ်မှူးကြီး စောမုတ်သုန်နှင့် ဇနီးဒေါ်ဖောဖောတို့အား အမှူးထား၍ တပည့်သားသမီးများ(ကိုယ်စား) တာဝန်ရှိသူတစ်ဦးက အလှူငွေကျပ် (၆၈၈၀၀၀၀)ကို ပေးအပ်လှူဒါန်းရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး က လက်ခံရယူခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)