မိုင်းငေါ့မြို့ တွင် ကိုဗစ်-၁၉ ရောဂါပို့တွေ့ လူနာ (၂) ဦး တွေ့ရှိ

 

မိုင်းငေါ့ ဇူလိုင် ၁၁

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ လူနာ အမျိုးသား(၁)ဦး အမျိုးသမီး(၁)ဦး ပေါင်း(၂)ဦး တွေ့ရှိကြောင်း ကျောက်မဲပြည်သူ့ဆေးရုံ၏ အတည်ပြုချက်များအရ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပို့တွေ့လူနာတို့သည် ဇွန်လ ၂၉ ရက်နေ့တွင် ကျောက်မဲသို့သွားရောက်ပြီး မိုင်းငေါ့မြို့သို့ ဇူလိုင် ၆ ရက်နေ့တွင်ပြန်လည် ရောက်ရှိကာ ဇူလိုင် ၁၀ ရက် နံနက်(၆)နာရီအချိန်မှစ၍ အနံ့မရရှိသောကြောင့် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားခဲ့ရာ ၎င်းတို့အား နံနက်(၈) နာရီ(၃၀) အချိန် တွင် ကျောက်မဲပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်း ကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး RTD Test Kits ဖြင့် စစ်ဆးခဲ့ရာ ပိုးတွ့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ယင်း ကိုဗစ်-၁၉‌ ရောဂါအတည်ပြုလူနာ ၂ ဦးအား ကျောက်မဲပြည်သူ့ဆေးရုံရှိ သီသန့်ကုသကြပ်မတ် ဆောင်တွင် ဆေးကုသနိုင်ရေးဆောင်ရွက်ထားရှိပြီး ၎င်းတို့နှင့် ဆက်စပ် သူများအား Home Quarantine ထားရှိ၍ ကျန်းမာရေး စစ်ဆေးမှု များဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမိုင်းငေါ့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

မြင့်သွယ်