မဘိမ်း ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သည့်သူများအား RDT Test Kit ဖြင့် ဆက်လက်စစ် ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာ၍ အနံ့ပျောက်သူများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် ငါးအိုးတိုက်နယ်ဆေးရုံတို့ရှိ ကျန်းမာရေး ဝန်ထမ်းများက RDT Test Kit ဖြင့်စစ်ဆေးလျက်ရှိရာ ယမန်နေ့တွင် လူဦးရေ ၄၉ ဦးကို စစ်ဆေးရာတွင် အမျိုးသား ၈ ဦးနှင့်အမျိုးသမီး ၁ဝ ဦး၊ စုစုပေါင်း ၁၈ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive)တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်နှင့် ငါးအိုးတိုက်နယ်ဆေးရုံရှိ သီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား မြို့နယ် ပြည်သူ့ဆေးရုံရှိ သီသသန့်ကုသဆောင်တွင် ၁၆ ဦးနှင့် ငါးအိုးတိုက်နယ်ဆေးရုံရှိ သီးသန့် ကုသဆောင်တွင် ၂၈ ဦး၊ စုစုပေါင်းပိုးတွေ့လူနာ ၄၄ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မျိုးမင်း