လားရှိုးမြို့ ပညာရေးကောလိပ်တွင် ကိုဗစ်ပိုးတွေ့လူနာကုသဆောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

လားရှိုး ဇူလိုင် ၁၅

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ပြည်သူ့ဆေးရုံ ကြပ်မတ်ကုသဆောင်၊ ပြည်ထောင်စု အားကစားကွင်း မိုးလုံလေလုံခန်းမ၊ ပညာရေးကောလိပ်စောင့်ကြည့်ဆောင်နှင့် မိုးကုတ်ဝိပသနာ စခန်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသည်။

ယခုအခါ လားရှိုးမြို့တွင် ပိုးတွေ့လူနာများပြားပြီး စနစ်တကျကြပ်မတ်ကုသနိုင်ရေးအတွက် ပညာရေးကောလိပ်တွင် ကုသဆောင်များပြင်ဆင်ခြင်း၊ ကြပ်မတ်ကုသမည့်ဆရာဝန်နှင့် ကျန်းမာ ရေးဝန်ထမ်းများ နေထိုင်ရန် အဆောင်များပြင်ဆင်ခြင်း၊ ပိုးတွေ့လူနာများ စိတ်ဓာတ်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ဖျော်ဖြေရေးများ၊ လမ်းလျောက်ရန်လျောက်လမ်းများနှင့် စာပေဗဟုသုတများ ဖတ်ရှုလေ့လာနိုင်ရန် စာကြည့်တိုက်များ၊ ရောဂါ အခြေအနေများ အချိန်နှင့်တပြေးညီစောင့်ကြည့် ကြပ်မတ်နိုင်ရေး CCTV တပ်ဆင်ခြင်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ သိရသည်။

ဥမ္မာချို