မိုးညှင်း ဇူလိုင် ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့နှင့် ရွှေပေါက်ကံကျေးရွာ ချင်းဆက်လမ်း စိမ်းလန်းစိုပြေရေးနှင့် မိုးရာသီသစ်ပင်စိုက်ပွဲတော် အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီခန့်က ကျင်းပခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို မိုးညှင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထွေးကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက် အင်ဂျင်နီယာ ဦးရဲမြင့်ထွန်းနှင့် ဝန်ထမ်းများ၊ ရွှေပေါက်ကံကျေးရွာတာဝန်ခံ ဦးထွေးသိန်းနှင့် ရွာသူ/ရွာသားများအား ပူးပေါင်း၍ ပိတောက်ပင်(၂၂၀)ပင်၊ မန်ဂျန်ရှားပင်(၁၂၀)ပင်၊ မျောက်ငိုပင်(၁၇၀)ပင် စုစုပေါင်း(၅၁၀)ပင်တို့ကို လမ်းဘေး ဝဲ/ယာ တစ်လျှောက် စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
မိုးညှင်း(ပြန်/ဆက်)