ဝါးခယ်မ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံသူ (၈)ဦးထပ်မံ တွေ့ ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ သတင်းထုတ်ပြန်ချက် အရသိရသည်။
ပိုးတွေ့လူနာများမှာ မြို့ပေါ်ရပ်ကွက်မှအမျိုးသမီး(၄)ဦးနှင့် ကျေးရွာများမှ အမျိုးသမီး(၄)ဦးစုစုပေါင်း(၈)ဦး ဖြစ်ပြီး ပိုးတွေ့လူနာများအား ဝါးခယ်မမြို့ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်ကုသပေး လျက်ရှိသည်။
ဝါးခယ်မမြို့နယ်အတွင်းပိုးတွေ့ လူနာ ရဟန်း(၃)ပါး၊ ကျား(၄၃)ဦး၊ မ(၅၃)ဦး၊ စုစုပေါင်း(၉၉)ဦး ရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ ကျား(၂၀)၊ မ(၁၈)၊ ပေါင်း (၃၈)ဦး၊ ကုသမှုခံယူဆဲလူနာ ရဟန်း(၂)ပါး၊ကျား(၂၁)ဦး ၊ မ(၃၁)ဦး၊ ပေါင်း(၅၄) ဦး၊ သေဆုံးလူနာ ရဟန်း(၁)ပါး၊ ကျား(၂)ဦး၊ မ(၄)ဦး၊ ပေါင်း(၇)ဦးဖြစ် ကြောင်း သိရသည်။
စောသန္တာဦး