အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးဒေသရှိမိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Bagan Myanmar Group Companies မိသားစုတို့က ဩဂုတ်လ ၃ရက်နေ့ ညနေပိုင်းအချိန်က ညောင်ဦးမြို့ရှိ မြတ်ဒါနပရဟိတအသင်းထံသို့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Aug 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ သီတဂူဗုဒ္ဓကောလိပ်(ပြည်)၌ရဟန်းသံဃာများအားကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက် ရှိ‌ကြောင်းသိရသည်။
Aug 04,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇူလိုင်နောက်ဆုံးအပတ်က မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုများကြောင့် နဘူး-ထိုးကော်ကိုး လမ်းအပိုင်းရှိ နန်းဆံလစ်-နဘူးတံခွန်တိုင် ကျေးရွာ ချင်းဆက်သွယ်ထားသည့် မေတ္တာပေါင်းကူးတံတားတစ်စင်းလုံး ကျိုးကျကာ မျောပါပျက်စီးခဲ့ကြောင်းနှင့် KNU/KNLA–PC ဌာနချုပ်အနောက်ဘက်ရှိ နဘူးချောင်းကူးတံတားမှာ အလယ်မှ အောက်သို့ ကျိုးကျသွားခဲ့သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် စက်လှေများ၊ လက်လှော်လေများဖြင့်သာ ဖြတ်သန်းသွာလာလျက်ရှိကြောင်း သိရသည်။
Aug 04,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်၉နာရီမှစတင်၍ ဆေးမထိုးနှံရသေးသော လှိုင်မြို့နယ်တွင်း​နေထိုင်သည့် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုဘိုးဘွား(၃၇၈)ဦးအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအဖွဲ့၊ကြက်ခြေနီနှင့်မီသတ်တပ်ဖွဲ့တို့မှပူးပေါင်း၍ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအားဆောင်ရွက်ပေးလျှက်ရှိကြောင်း လှိုင်မြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှသိရသည်။
Aug 04,2021
ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့မှစ​၍​အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုများ၊ ရဟန်း သံဃာ​တော်များနှင့် သီလရှင်များ၊စျေးမိသားစုများ၊ဝန်ထမ်းများ အားလတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကိုကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ စုရပ်( ၅ )ခုတွင် နံနက် ၉ နာရီမှ ည​​နေ ၅ နာရီအထိထိုးနှံပေးလျက်ရှိရာ တတိယ​မြောက်​နေ့တွင်လာရောက်ထိုးနှံသူအများအပြားရောက်ရှိလာကြောင်းသိရသည်။
Aug 04,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ မှပေးပို့လှူဒါန်းလာသော ဆွမ်းဆန်အိတ်များကို ယနေ့ညနေပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့နှင့် မြို့မိမြို့ဖများက ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်လှူဒါန်းခဲ့သည်။
Aug 04,2021
 ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်မြင့်တက် လျက် ရှိသော ကြောင့် ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာစည်းမျဉ်း စည်းကမ်း သတ်မှတ် ချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့လယ်၁၂နာရီ အချိန်တွင် မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။