ပြည်မြို့ သီတဂူဗုဒ္ဓကောလိပ်(ပြည်)၌ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ပြည် သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ သီတဂူဗုဒ္ဓကောလိပ်(ပြည်)၌ရဟန်းသံဃာများအားကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက် ရှိ‌ကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းကို ယနေ့မွန်းလွဲ ၂နာရီကစတင်၍ ပြည်မြို့ သီတဂူဗုဒ္ဓကောလိပ် (ပြည်)၌ရဟန်း သံဃာ(၃၃)ပါးအား ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကာကွယ်ဆေးထိုးနှံပေး လျက် ရှိကြောင်းနှင့် အဆိုပါကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာ နေရာသို့ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

ခရိုင်ပြန်/ဆက်