နမ့်စန်(တ) ဩဂုတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ပြည်သူများအား အထက(နမ့်စန်)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးနေမှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးက ယနေ့နံနက် ၁၀နာရီခွဲ တွင် သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် လှမိုး၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထူးမြတ်တိုးနှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် နှင့် မြို့နယ်မှတာဝန်ရှိသူတို့နှင့်တွေ့ဆုံကာ အသက် ၆၅ နှစ် နှင့်အထက် ရှိသူများ နှင့် ဦးစားပေးအဆင့် များတွင်ပါဝင်သူများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုတို့ကို ကြည့်ရှု၍ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကိုအားပေးစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၁၁ နာရီတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုးနှင့် အဖွဲ့သည် နမ့်စန်မြို့ ပြည်သူ့ဆေးရုံအနောက်ဘက်တွင် တည်ဆောက်ထားသည့် အောက်စီဂျင်စက်ရုံ စတင်တပ်ဆင်လည်ပတ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ ကြောင်းသိရသည်။
နမ့်စန်မြို့နယ်တွင်ဇူလိုင် ၃၀ ရက်နေ့ မှ ဩဂုတ်လ ၃ ရက်နေ့အထိ အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအဆင့်များတွင်ပါဝင်သူ စုစုပေါင်း ၃၂၉၆ ဦးကို ကာကွယ်ဆေးထိုး နှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကာ ကာကွယ်ဆေးထိုးအစီအစဉ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များမှတဆင့် ပြည်သူများထံ အသိပေးဆောင်ရွက်လျှက် ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)