မိုင်းကိုင် ဩဂုတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးပို့လှူဒါန်းလာသော ဆွမ်းဆန်အိတ်များကို ယနေ့ညနေပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့နှင့် မြို့မိမြို့ဖများက ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းမှုတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားစဉ်ကာလ၊ ဝါတွင်းအချိန်၌ ဆွမ်းဆန်တော်အခက်အခဲမရှိ စေရေး မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအနက် စာသင်သားများစွာရှိသော ဘုန်းတော်ကြီးကျောင်း (၂၀) ကျောင်းမှ ရဟန်း (၈၁)ပါး ၊ သာမဏေ(၆၆၂)ပါး၊ သီလရှင်(၅)ပါး တို့ အတွက် ဆွမ်းဆန်အိတ်(၉၄)အိတ်ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား မြို့နယ်တာဝန်ရှိ သူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်