တောင်ကုတ်မြို့တွင် သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာမှု ရှိ/မရှိနှင့် ရပ်ကွက်များ အတွင်း လှည့်လည် အသိပညာပေး ဆောင်ရွက်

တောင်ကုတ် ဩဂုတ် ၄

 

 ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်မြင့်တက် လျက် ရှိသော ကြောင့် ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာစည်းမျဉ်း စည်းကမ်း သတ်မှတ် ချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့လယ်၁၂နာရီ အချိန်တွင် မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၏ ဦးဆောင် လမ်းညွှန်မှုဖြင့်မြို့နယ် စည်းကမ်း ထိန်းသိမ်းရေး နှင့့်ကော်မတီ၊ အသိပညာပေးရေး ကော်မတီ ပူးပေါင်းအဖွဲ့သည် ပြည်သူများနေ အိမ်ပြင်ပသို့ အကြောင်းမဲ့ ထွက်ခွာမှုမရှိစေရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူးများမှ ထုတ်ပေးထားသည့် တစ်အိမ်ထောင်လျှင် တစ်ဦးသာနေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ် အားကိုင်ဆောင်၍ Mask စနစ်တကျ တပ်ဆင်သွားလာခြင်းရှိမရှိ ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများ၌ စစ်ဆေး၍ အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။