လှိုင် သြဂုတ် ၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်၉နာရီမှစတင်၍ ဆေးမထိုးနှံရသေးသော လှိုင်မြို့နယ်တွင်းနေထိုင်သည့် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုဘိုးဘွား(၃၇၈)ဦးအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအဖွဲ့၊ကြက်ခြေနီနှင့်မီသတ်တပ်ဖွဲ့တို့မှပူးပေါင်း၍ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအားဆောင်ရွက်ပေးလျှက်ရှိကြောင်း လှိုင်မြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှသိရသည်။
ထိုကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို လှိုင်မြို့နယ် YUSC လေ့ကျင့်ရေးကွင်းနှင့် အထက(၁) ကျောင်းတို့တွင်ထိုးနှံပေးလျက်ရှိပါသည်။ လှိုင်မြို့နယ်တွင် ယနေ့ထိကာကွယ်ဆေးထိုးနှံပြီး လူဦးရေ(၁၁၆၃)ဦး ရှိပြီဖြစ်သည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံစီးပွားရေးထိခိုက်မှုကိုလျှော့ချနိုင်ရန်ရည်ရွယ်၍ကိုဗစ်- ၁၉ကာကွယ်ဆေး များထိုးနှံဆောင်ရွက် ပေးလျက်ရှိပြီး လှိုင်မြို့နယ်၌ကိုဗစ်-၁၉ကာကွယ်ဆေးကို ထိုးနှံရာတွင်ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှချမှတ်ထားသောသတ်မှတ်ချက်နှင့် အညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်။
မြို့နယ်(ပြန်/ဆက်)