ဘူးသီးတောင် သြဂုတ် ၄
ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့မှစ၍အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုများ၊ ရဟန်း သံဃာတော်များနှင့် သီလရှင်များ၊စျေးမိသားစုများ၊ဝန်ထမ်းများ အားလတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကိုကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ စုရပ်( ၅ )ခုတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိထိုးနှံပေးလျက်ရှိရာ တတိယမြောက်နေ့တွင်လာရောက်ထိုးနှံသူအများအပြားရောက်ရှိလာကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သည့် သက်ကြီးရွယ်အိုများနှင့် ဘိုးဘွားများအဆင်ပြေစေရန် ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ဘူးသီးတောင်မြို့နယ်တွင် ကာကွယ် ဆေး( ၂၇၈၀)လုံးဖြင့်လူဦးရေ ( ၆၇၁၉) ဦးအား ဦးစားပေး အစီအစဥ် အလိုက်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်-ပြန်/ဆက်