အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၁၄ ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၉)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ     သိရသည်။
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ နေ့စဉ်နှင့်အမျှ ကူးစက်မှုနှုန်း တိုးပွားလာပြီး အတည်ပြု လူနာများ ပိုမိုများပြားလာသည်နှင့်အမျှ ထပ်မံကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းမှ စားသောက်ဆိုင် များ၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့် မပြုတော့ဘဲ ဇူလိုင်(၁၆)ရက်နေ့မှ စတင်၍ နံနက်(၆)နာရီမှ ည(၈)နာရီအထိ ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် ၎င်းဆိုင်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အသိပေး ဆောင်ရွက်ထားသည်။
Jul 15,2021
လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ရုံးအဖွဲ့သည် ယနေ့နံနက် (၁၁:၀၀) နာရီအချိန် က ရောဂါကြိုတင်ကာကွယ်မှုများကို စစ်ဆေးခဲ့သည်။
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင်လ ပထမအပတ်မှစတင်၍ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချလျက်ရှိသည်။ အဆိုပါ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချရာတွင် ယခင်လက တစ်ပိဿာ (၁၀၀၀) ကျပ်နှုန်းမှ ယခုအခါ တစ်ပိဿာလျှင် (၅၀၀) ကျပ်နှုန်းဖြင့်သာ ခူးဆွတ်ရောင်းချရကြောင်း၊ တောင်သူများအနေဖြင့် ကိုဗစ်-၁၉ တတိယ လှိုင်းတွင် အသွားအလာ ကန့်သတ်မှုများနှင့် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ဈေးအရောင်းအဝယ် အေးနေကြောင်း သိရသည်။ 
Jul 15,2021
အသက်ရှုလမ်းကြောင်းဆိုင်ရာ     ကိုဗစ်-၁၉ရောဂါကာကွယ် ကုသရေးအတွက်         ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။     
Jul 15,2021
နွားထိုးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ဖွင့်လှစ် ထားရှိသည့် စားသောက်ဆိုင်များ၊ ဆေးဆိုင်များကို သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်မှု ရှိ၊ မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 15,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လမှစ၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပိုးတွေ့သူများအနက်(၈)ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ထပ်မံရရှိခဲ့ကြောင်းကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
Jul 15,2021
ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဧရိယာ (၆၇၆.၄၅)ဧကအတွင်း မဲနှိုက်စနစ်ဖြင့် ပထမအကြိမ် မြေကွက်ရရှိသူ ပြည်သူ(၂၄၆)ဦးအား မြေပေးမိန့်နှင့် မြေစာရင်းပုံစံ (၁၀၅/၁၀၆) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ ဟားခါးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။