ညောင်ဦး ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးဒေသရှိမိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Bagan Myanmar Group Companies မိသားစုတို့က ဩဂုတ်လ ၃ရက်နေ့ ညနေပိုင်းအချိန်က ညောင်ဦးမြို့ရှိ မြတ်ဒါနပရဟိတအသင်းထံသို့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Bagan Myanmar Group Companies မိသားစုက ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသူများ အသက်ရှူရာတွင်အခက်အခဲမဖြစ်စေရန် ရည်ရွယ်ပြီး Oxygen Concentrator – 10 Liter ၊ ၂၁ လုံး ၊ လူဦးရေ ၃၅၀၀ ဦးစစ်ဆေးနိုင်သည့် RTD Test Kits ၁၇၅ ဘူး၊ အောက်စီ ဂျင်ထိုးကျခြင်းအခြေအနေမှကာကွယ်ရန် COVID Medicine - ၁၃၀ဘူး၊တို့အား ပုဂံ-ညောင်ဦးဒေသခံပြည်သူများအသုံးပြုနိုင်ရန် မြတ်ဒါနပရဟိတအသင်းသို့လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုစုစုပေါင်း (၄၂၃၈၀၀၀၀)ကျပ် တန်ဖိုးရှိကြောင်းသိရပြီး၊ မြတ်ဒါနပရဟိတလူမှု အကျိုးပြုအသင်းသည် ညောင်ဦးခရိုင်ပြည်သူ့ဆေးသို့ တက်ရောက်ကုသနေသည့် အောက်စီဂျင်လိုအပ်လူနာများကို အောက်စီဂျင်အခမဲ့ဖြန့် ဖြူးပေးနေသည့် ပရဟိတ အသင်းဖြစ်ကြောင်းလည်းသိရသည်။
ကိုထိန်၊KPD