အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း COVID-19 ရောဂါကြောင့်အသွားအလာကန့်သတ် ခံထား ရသည့် Strict Home Quarantine(SHQ) နေအိမ်များနှင့်ကျန်းမာရေး မကောင်း၍ အခက်အခဲ ဖြစ်‌နေသည့် နေအိမ်များကို မြို့နယ်ဆန်ကုန်သည်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းကာ ယမန်နေ့ က အ‌ခြေခံစားသောက်ကုန်များ လိုက်လံ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည် ပြုလူနာသစ် (၈၆) ဦးကို ယမန်နေ့က ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းမှညနေပိုင်းအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၂ ဦး ၊ အမျိုးသား ၃ ဦး ၊ စုစုပေါင်း ၅ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုများပြားလာခြင်း ကြောင့်ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်းOxygen Plan မှထွက်ရှိသော Oxygen လုံလောက်မှု မရှိခြင်းကြောင့်ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ခရိုင်/မြို့နယ်ကျန်းမာရေး ကော်မတီဝင် များ နှင့်မြို့လုပ်ငန်းရှင် များမှဦးဆောင်၍ Oxygen plant အသစ်တစ်လုံးထပ်မံ ဝယ်ယူနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် မိုင်းရှူးမြို့မှ Oxygen ပြတ်လပ်၍ ကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံသို့ လာ ရောက် ဆေးကုသသူ ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူများ၊ ကျေးသီးမြို့နယ်တွင် ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသမီး ( ၂ )ဦးနှင့် ထိတွေ့ခဲ့သူများ၊ ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူ များနှင့်ထိတွေ့ခဲ့သူများ ၊ Home Quarantine ဝင်ရောက်နေသူ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ( ၄၆ )ဦးအား ဇူလိုင် ၁၅ ရက်နေ့က RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ (၄၆ ) ဦး အနက် ( ၂ )ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသမီး ( ၂ )ဦး သည် ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူနှင့် ထိတွေ့ခဲ့သူများဖြစ်ပြီး ၎င်း ( ၂ )ဦးတို့အား ကျေးသီးမြို့နယ်(၁၆ ) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့်အဆောင်( Isolation Ward ) တွင် ထားရှိပြီး ဆေးကုသ လျက်ရှိ ကြောင်း အဆိုပါ ပိုးတွေ့လူနာနှင့်ဆက်စပ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine ထားရှိပြီး အသွားအလာ ကန့်သတ်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 16,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဆိုင်ရာအသိပညာပေး Talk Showကို ဇူယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Jul 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက၊ သံသယလူနာ(၂၅)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ အသက်(၆၁)နှစ်အရွယ်အမျိုး သား(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။
Jul 16,2021
မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်၌ နေရပ်ပြန်များ၊ဖျားနာခြင်းနှင့် အနံ့မရရှိသူများအား မြို့နယ်ပြည်သူ့‌ကျန်းမာရေးဦးစီးဌာနမှ RDT Tesk Kit ဖြင့် ယမန်နေ့ နံနက် ၉နာရီကစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူအတည်ပြုလူနာသစ်(၂၆)ဦးနှင့်ထိစပ်သူများအားဒုတိယအကြိမ်မန္တလေးပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန သို့ပေးပို့ထားသူမျာအနက်ပိုးတွေ့သူတစ်ဦးထပ်မံ တွေရှိကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှသိရသည်။