မချမ်းဘော ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဆိုင်ရာအသိပညာပေး Talk Showကို ဇူယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မချမ်းဘောမြို့နယ်ရုံး မြို့နယ် ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က အသိပညာပေး Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မချမ်းဘော့မြို့နယ် မြို့နယ်ဥပဒေအရာရှိ ဦးထက်ရှိုင်းအောင်က သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပြဌာန်းရခြင်း ရည်ရွယ်ချက်၊သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖွဲ့စည်းထားမှု၊ပြဌာန်းထားသည့်ပြစ်မှုပြစ်ဒဏ်များ စသည့် အကြောင်းအရာ များကိုဆွေးနွေးထားကြောင်းသိရသည်။
အဆိုပါ Talk Show ကို သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ်လုပ်ငန်းကို စနစ်တကျထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ လုပ်ငန်း စဉ်များကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် အမျိုးသားကော်မတီ နှင့်ဒေသဆိုင်ရာ အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများဆောင်ရွက် ရာတွင် ပြည်တွင်းပြည်ပအစိုးရ ဌာနများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊နိုင်ငံရပ်ခြားဒေသတွင်း အဖွဲ့အစည်းများနှင့်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသော သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်း ကာကွယ်နိုင်ရန်နှင့်ဘေးသင့်ပြည်သူများကို ပိုမို ကောင်းမွန်သည့် လူနေမှု ဘဝရရှိရေးအတွက် ကျန်းမာရေး၊ ပညာ ရေး၊လူမှုရေးနှင့် အသက်မွေး ဝမ်းကျောင်းမှုများကိုစီစဉ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ပြီး ထိုသို့ ဆွေးနွေးမှုများကို လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် We Love Putao နှင့် We Love Machanbaw Pages များတွင်အများပြည်သူကြည့်ရှု လေ့လာနိုင်ရန် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်
မြို့နယ်ပြန်/ဆက်