Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ပြောကြားချက်များ…
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ အောက်ပါအတိုင်း သိရှိခဲ့ရပါသည်- ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၏ ပြောကြားချက် “ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ် ၉ မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုဗစ်ရှီး (Covid Shield)ကို ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၃၆၇၃၅ ဦး ထိုးနှံပြီးဖြစ်ပါတယ်၊ ဒါ့အပြင် ဆီနိုဖန်း(Sinopharm) ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးသူ ၁၉၇၃ ဦးထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ရှမ်းအရှေ့အတွက် ဆီနိုဖန်း ကာကွယ်ဆေး ၂၂၀၂၀၂ ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက် ထားပြီးလည်းဖြစ်ပါတယ်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့် သူများ ထားရှိနိုင်ရန်အတွက် မြစ်ကြီးနားပြည်သူ့ဆေးရ…
Jul 16,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများ ထားရှိနိုင်ရေးတို့ အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားပြည်သူ့ဆေးရုံ အတွင်းတိုးချဲ့လူနာ ဆောင်များ ထပ်တိုးပြင်ဆင်ဆောင်ရွက်နိုင်ရေး ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များခင်းကျင်းပြသ
Jul 16,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Covid-19 ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ သိရှိနိုင်စေရန်အတွက် အသိပညာပေး နံရံကပ် စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကုသရေးစင်တာဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲပြုလုပ်ကျင်းပ
Jul 16,2021
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုးတွေ့လူနာများကို ကုသနိုင်ရေးအတွက် လားရှိုးမြို့ ပညာရေးကောလိပ်တွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံးပြီးမြောက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ကုသရေးစင်တာ အုပ်ချုပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နေအိမ်အသွားအလာ ကန့်သတ် စောင့်ကြည့်သူများအား သွားရောက်ကြည့်ရှုအားပေး
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဝမ်လျန့်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်နှင့် ယမ်းပုံးကျေးရွာရှိ နေအိမ်အသွားအလာ ကန့်သတ်စောင့်ကြည့်သူများ၏ အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသတွင်းအသားငါးကဏ္ဍဖူလုံစေရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဒေသဝက်ဖြန့်ဖြူးထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁၄ရက် နံနက် ၁၀ နာရီ အချိန်တွင် ဒေသတွင်း အသားကဏ္ဍဖူလုံစေရေး၊တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေရေးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုထိရောက်စေရန် အတွက် ဒေသဝက် ဖြန့်ဖြူးရေးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ခရိုင်၊မြို့နယ် ဌာနဆိုင်ရာ အဆင့် အကြီးအကဲနှင့် ဒေသခံဝက်မွေးမြူမည့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်၌(သိန်း၈၅၀ကျပ်ခန့်)အောက်စီဂျင်ထုတ်စက်နှင့်ဆက်စပ်ပစ္စည်းများကိုအလှူရှင်မိသားစုမှလှူဒါန်းမည်
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြည်သူများအတွက်လိုအပ်လျက်ရှိသော အောက်စီဂျင်ထုတ်စက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများကို အိမ်မဲမြို့နယ်မှ အလှူရှင်မိသားစုမှလှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၆)ဦးထပ်မံတွေ့ရှိ
Jul 16,2021
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံသူ(၆)ဦး ထမ်မံ တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၏ ဇူလိုင်လ ၁၅ ရက်နေ့ညနေ သတင်းထုတ်ပြန် ချက်အရသိရသည်။ ပိုးတွေ့လူနာများမှာ မြို့ပေါ်ရပ်ကွက်မှ(၂)ဦး၊ ကျုံမငေးမြို့မှ(၂)ဦး၊ ကျေးရွာများမှ(၂)ဦးစုစုပေါင်း (၆)ဦး ဖြစ်ပြီး ပိုးတွေ့လူနာများအား ဝါးခယ်မမြို့ပြည်သူ့ဆေးရုံနှင့် ကျုံမငေးတိုက်နယ်ဆေးရုံတို့တွင် ကျန်း မာရေးစောင့်ရှောက်ကုသပေးလျှက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26071
Page
26072
Page
26073
Page
26074
Current page
26075
Page
26076
Page
26077
Page
26078
Page
26079
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department