ရမည်းသင်း ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်၌ နေရပ်ပြန်များ၊ဖျားနာခြင်းနှင့် အနံ့မရရှိသူ များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RDT Tesk Kit ဖြင့် ယမန်နေ့ နံနက် ၉နာရီကစစ်ဆေးခဲ့ ရာကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူအတည်ပြုလူနာသစ်(၂၆)ဦးနှင့်ထိစပ်သူများအားဒုတိယအကြိမ်မန္တလေးပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန သို့ပေးပို့ထားသူမျာအနက်ပိုးတွေ့သူတစ်ဦးထပ်မံ တွေရှိကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများမှာရမည်းသင်းမြို့ ဆင်ကျုံတောရကျောင်း သံဃာတစ်ပါး၊ လက်ဆည် ကန်ကျေးရွာ မှအမျိုးသားသုံးဦးနှင့်အမျိုးသမီးတစ်ဦး၊ အိုင်ဘုတ်ရွာမှအမျိုးသားတစ်ဦး၊ ကန့်ထက် ကျေးရွာမှအမျိုးသားတစ်ဦး၊ ထိန်ကန်ရွာမှ အမျိုးသမီးတစ်ဦး ၊ကင်းရွာ မှအမျိုးသမီးနှစ်ဦး ၊ကျွဲတပ်ကျေးရွာ မှအမျိုးသားတစ်ဦး၊ဆည်ထိပ်ကျေးရွာမှအမျိုးသားနှစ်ဦး၊ ခံဘူးကျေးရွာမှအမျိုးသမီးတစ်ဦး၊ မြို့မရပ်ကွက် ကြီးမှအမျိုးသမီး(၄)ဦးနှင့်အမျိုးသားတစ်ဦး၊ကန်မြင့်ရွာနှင့်ထီလှိုင်ရွာတို့မှအမျိုးသားတစ်ဦးစီနှင့် ရဲတပ်သား (၅)ဦးစုစုပေါင်း(၂၆)ဦးတို့တွင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသဖြင့်နည်း ပညာတက္ကသိုလ် (ရမည်းသင်း) စင်တာတွင်ဆေးကုသမှု များပေး လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူနှင့်ထိစပ်သူ(၁၇)ဦးကိုပထမအကြိမ်
RTD ဖြင့်စစ်ဆေးခဲ့ရာရောဂါပိုးမတွေ့ရှိဘဲ ၎င်းတို့အား ဒုတိယအကြိမ်မန္တလေး ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ PCR ဖြင့်စစ်ဆေးနိုင်ရန်ပေးပို့ခဲ့ရာရွှေစည်းခုံရပ်ကွက် မှအမျိုးသမီးတစ်ဦးသာရောဂါ ပိုးတွေ့ရှိကြောင်းသိရှိခဲ့သဖြင့် ပိုးတွေ့လူနာအား နည်းပညာတက္ကသိုလ်(ရမည်းသင်း)စင်တာသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေး သွားမည်ဖြစ်ကြောင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
ရမည်းသင်းမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူစုစုပေါင်း (၁၄၉)ဦးရှိပြီးရောဂါသက်သာပျောက်ကင်း ၍ ဆင်းခွင့်ရသူ(၃)ဦးရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)