ကျောက်ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုး(၄) ထပ်မံတွေ့ရှိ

ကျောက်ပန်းတောင်း ဇူလိုင်-၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက၊ သံသယလူနာ(၂၅)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ၊ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ အသက်(၆၁)နှစ်အရွယ်အမျိုး သား(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။
စံပြရပ်ကွက်နေ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ပြည်တော်သာရပ်ကွက်မှ အမျိုးသမီး(၁)ဦးနှင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း လုံခြုံရေးဆောင်ရွက်နေသူ တပ်မတော်အရာရှိ(၁)ဦး တို့မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ပြီး၊ အဆိုပါ ပိုးတွေ့ရှိသူများ အနက် စံပြရပ်ကွက်မှ အသက်(၆၁)နှစ်အရွယ်ရှိ အမျိုးသား(၁)ဦးမှာ ကိုဗစ် ရောဂါဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။ ကျန် ပိုးတွေ့လူနာများအနက်မှ တပ်မတော်အရာရှိ(၁)ဦးအား မိတ္ထီလာစစ်ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှုခံ ယူစေလျှက်၊ ကျန်(၂)ဦးအား ပုပ္ပားတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် သေဆုံးသူအား ကျန်းမာရေးဦးစီးဌာန ညွှန်ကြားချက်များနှင့်အညီ မီးသင်္ဂြိုလ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့သေဆုံးသူနှင့်အခြားလူ နာများနှင့်ထိတွေ့ဆက်စပ်သူများကို စုံစမ်းဖော်ထုတ်၍ Quarantine ထားရှိသွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်(၁၅)ရက်နေ့ အထိ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကျား(၄၉)ဦး၊ မ(၃၅)ဦး စုစုပေါင်း(၈၄)ဦးရှိခဲ့ပြီး၊ကျား (၁)ဦးနှင့်မ(၁)ဦး ပေါင်း (၂)ဦး ဆေးရုံဆင်းခွင့်ရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ကျား(၁)ဦးသေဆုံးခဲ့ပြီးဖြစ်ရာ၊ လက်ရှိတွင် မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျား(၄၇)ဦး၊ မ(၃၂)ဦး ပေါင်း(၈၁)ဦး တက်ရောက်ကုသနေကြောင်းသိရသည်။
နေအောင်