ကျေးသီး ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် မိုင်းရှူးမြို့မှ Oxygen ပြတ်လပ်၍ ကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံသို့ လာ ရောက် ဆေးကုသသူ ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူများ၊ ကျေးသီးမြို့နယ်တွင် ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသမီး ( ၂ )ဦးနှင့် ထိတွေ့ခဲ့သူများ၊ ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူ များနှင့်ထိတွေ့ခဲ့သူများ ၊ Home Quarantine ဝင်ရောက်နေသူ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ( ၄၆ )ဦးအား ဇူလိုင် ၁၅ ရက်နေ့က RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ (၄၆ ) ဦး အနက် ( ၂ )ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသမီး ( ၂ )ဦး သည် ရန်ကုန်မြို့တွင် မျက်စိခွဲစိတ်၍ ပြန်လည်ရောက်ရှိလာသူနှင့် ထိတွေ့ခဲ့သူများဖြစ်ပြီး ၎င်း ( ၂ )ဦးတို့အား ကျေးသီးမြို့နယ်(၁၆ ) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့်အဆောင်( Isolation Ward ) တွင် ထားရှိပြီး ဆေးကုသ လျက်ရှိ ကြောင်း အဆိုပါ ပိုးတွေ့လူနာနှင့်ဆက်စပ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine ထားရှိပြီး အသွားအလာ ကန့်သတ်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)