မိုင်းဆတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မယ်ဆွမ်တောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအား Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက်ရန် ယနေ့နံနက်(၉)နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က မိုးလုံလေလုံအားကစားရုံအား Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက်ရေး၊ Quarantine ဝင်ရောက်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အိပ်ဆောင်များဖွဲ့စည်းဆောင်ရွက်ရေး၊ ကုတင်များဖြည့်တင်းထားရှိရေး၊ သောက်သုံးရေ ရရှိရန် ပြင်ဆင်ဆောင်ရွက်ရေး၊ လျှပ်စစ်မီးနှင့် ပလပ်ခုံများပြင်ဆင်ထားရှိရေး၊ ရေချိုးခန်း၊ ရေကန်နှင့်မိလ္လာများ ပြင်ဆင်ဆောင်ရွက်ရေးနှင့် Quarantine Centre တာဝန်ကျ ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး တာဝန်ရှိသူတို့အား မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ခရိုင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် ကော်မတီဝင်များပါဝင်ကြောင်းသိရသည်။
မြင့်မောင်