သံတွဲ ဇူလိုင် ၁၆
ရခိုင်ပြည်နယ်၊စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်း နှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည် သံတွဲမြို့သို့ ယနေ့ နံနက် (၁၁)နာရီ(၁၀)မိနစ်အချိန်တွင်ရောက်ရှိခဲ့ပြီး သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီးတွင်တက်ရောက်ကုသနေသော လူနာများ၏ အခြေအနေ ၊ လိုအပ်ချက်များ ၊Oxygen Plant တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမြင့်နှင့် သံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်း တို့မှ လိုအပ်ချက်များအား ပြန်လည် ဖြည့်စွက်တင်ပြသည်။
ထို့နောက် သံတွဲခရိုင်ဆေးရုံကြီးနှင့် ငပလီဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ စုစုပေါင်း (၆၆)ဦးအတွက် အဖွဲ့ဝင် ဦးသန်းထွန်းနှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့မှ ကြက်ဥ ၊ Ovaltine နှင့် မုန့်ခြောက်များအား ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင် ဆရာဝန်ကြီးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်