ကာမိုင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကာမိုင်း ဇူလိုင် ၁၆
 
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ဝန်ထမ်းများ စာဖတ်သည့်အလေ့အထရရှိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဝန်ထမ်းများအား စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နံနက်
(၁၀)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်း​တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်ခင်သက်ဦးက စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းစနစ် (၂၀၁၉) ခုနှစ် စာအုပ်မှ မြန်မာနိုင်ငံ၏နိုင်ငံ့ဝန်ထမ်းစနစ် ပေါ်ပေါက်လာပုံ၊ ရည်ရွယ်ချက်၊ ၂၁ ရာစုကို ရှေးရှုသည့် မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းစနစ်၏ အနာဂတ်မျှော်မှန်းချက်၊ အနာဂတ် ဦးတည်ချက်များ နိုင်ငံ့ဝန်ထမ်းစံတန်ဖိုးများနှင့် ဆောင်ရွက်မည့်လုပ်ငန်း စဥ်များ ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့သည်။
ထို့နောက် ရုပ်သံကျွမ်းကျင်-၃ဒေါ်အိအိခိုင်က ရာထူးတိုးမြှင့်ခြင်းအတွက် လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်းနှင့် ကျင့်ဝတ် စည်းကမ်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ရွှေဇင်ဦးက နိုင်ငံ့ဝန်ထမ်း ရွေးချယ်ခန့်ထားခြင်း၊ နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ပညာပေးခြင်းနှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့​ကြကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)