နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၄၅ )ဦးထပ်မံတွေ့ရှိ

နွားထိုးကြီး ၊ဇူလိုင် -၁၆
 
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်း တို့ကြောင့် နွားထိုးကြီးမြို့၊ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေပိုင်းတွင်လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၄၅)ဦးတို့သည် အမှတ်(၃)ရပ်ကွက် မှ(၁)ဦး၊ အမှတ်(၅)ရပ်ကွက်မှ (၃)ဦး၊ ပြင်စည်ကျေးရွာမှ (၇)ဦး၊ ခက်လန်း ကျေးရွာမှ (၅) ဦး၊ကြီးကြီးကျေးရွာမှ (၂)ဦး၊ တာပါယ်ကျေးရွာမှ (၁)ဦး၊ လုံးတော ကျေးရွာမှ (၂) ဦး၊လျှော်ဖြူကျေးရွာမှ (၂)ဦး၊ နနွင်းတော်ဘိုး ကျေးရွာမှ (၂)ဦး ၊ဒေါင့်ဘိုး ကျေးရွာမှ (၁)ဦး၊ရွာကြီး ကျေးရွာမှ (၄)ဦး၊ ဘူးသီးကျင်း ကျေးရွာမှ (၁)ဦး၊ အောင်မြေစံ ကျေးရွာမှ (၁)ဦး၊ မြင်းနီကျေးရွာမှ (၇)ဦး၊အင်ချောင်း ကျေးရွာမှ (၂)ဦး၊ ရေလည်ကျေးရွာမှ (၁)၊မျက်ရှုကျေးရွာမှ (၁)ဦး၊ရွာသာအေး ကျေးရွာမှ(၁)ဦး၊ကနား ကျေးရွာမှ (၁)ဦးတို့ နေမကောင်း ပြီး အနံ့ပျောက်နေသဖြင့် နွားထိုးကြီးမြို့၊ပြည်သူ့ ဆေးရုံတွင် (RDT ) ဖြင့်စစ်ဆေး ရာ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိသဖြင့် နွားထိုးကြီးမြို့၊ပြည်သူ့ ဆေးရုံအထူး ကုသဆောင်၊ အောင်သဇင် Q Center နှင့် မြို့နယ် အားကစား န်းမတွင် သီးသန့်ထားရှိ၍ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံတွင် ရောဂါပျောက်ကင်းသဖြင့်ဆေးရုံမှဆင်းခွင့် ရသူ (၄၁) ဦး ရော ဂါပိုးတွေ့ရှိသူ(၂၉၉)ဦးရှိပြီး သေဆုံးသူ (၂)ဦးရှိကြောင်း သိရသည်။
သန်းအောင်ဇော်