နောင်ချို ဇူလိုင် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ နေအိမ်တွင် နေထိုင်ရေး ( Stay at Home ) တွင် အကျုံးဝင်သည့်ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ ယနေ့ နေ့လည်ပိုင်းက မြို့ပေါ်ရပ်ကွက်နရှိဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့်ဌာနဆို်ငရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သော မိုဘိုင်းအဖွဲ့များက နောင်ချိုမြို့နယ်အတွင်း ပြည်သူများဝင် ထွက်သွားလာရာတွင် သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးထားသော ပြင်ပထွက်ခွာခွင့် ကဒ်ပြား ပါရှိခြင်း ရှိ/မရှိ၊ ဈေးသည်များဈေးရောင်းချရာတွင် မိမိတို့နေအိမ် ဥပစာအတွင်း၌သာ ရောင်းချစေပြီး ရောင်းချခြင်း ရှိ/မရှိ၊ဈေးသည်နှင့်ဈေးဝယ် ခြောက်ပေအကွာမှ ဝယ်ယူရောင်းချ ခြင်းရှိ/မရှိ၊ မော်တော်ယာဉ်များအနေဖြင့် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွား ရောက်ခြင်းရှိ/မရှိ တို့ကိုကွင်း ဆင်းစစ်ဆေးခဲ့ကြပြီး လိုက်နာဆောင်ရွက်မှုမရှိသူများအား ပထမ အကြိမ်အဖြစ် သတိပေးနှိုးဆော်ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နောင်တွင်လိုက်နာမှု မရှိ သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ်