မော်လိုက် ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေး မထိုးနှံရသေးသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက မော်လိုက်မြို့၊ မြို့တော် ခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့မှ ဆရာဝန်၊ သူနာပြုများနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်မှုဖြင့် မော်လိုက်မြို့ပေါ်ရှိ တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေး သည့် အစိုးရဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပုံမှန်အခြေအနေရှိသူများအား တပ်မတော်ဆေး တပ်ဖွဲ့မှ သူနာပြုများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့်နားနေစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မှုအနေဖြင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ သက်ကြီးဘိုးဘွား များနှင့် ပြည်သူ စုစုပေါင်း(၈၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ယနေ့တွင် လူဦးရေ(၆၀)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာသို့ မော်လိုက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည် များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး